ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။
အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီးဧည့်သည်အားလုံးက
`လှလိုက်တာ၊လှလိုက်တာ´၀ိုင်းဝန်းချီးကျူးကြသည်။ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသောအမျိုးသမီးသည်
အားပါးတရကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။စိန်ဘယက်သည် တစ်လက်မှတစ်လက်သို့ကူးသွားသည်။နောက်ဆုံးတွင်စိန်ဘယက်ပျောက်သွားတော့သည်။
အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။ ``ကျီစားတာဆိုရင်လွန်သွားပြီဗျာ။အခုစားပွဲပေါ်ကိုကျွန်တော်ငွေဖလားတင်ထားမယ်။
မီးခလုတ်ကိုပိတ်လိုက်ပြီးတစ်ရာထိကျွန်တော်ရေမယ်။မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ စိန်ဘယက်ကို ငွေဖလားထဲမှာပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။ မီးကိုပြန်ဖွင့်လိုက်သည်....
ငွေဖလားကြီးမရှိတော့။
Showing posts with label ဟာသများ. Show all posts

Monday, December 22, 2008
သူဌေးနဲ.နွား
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

ခင်ဗျားသိပြီးသားပါ
တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))
မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))
ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။
နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ......

မင်းလို.ပဲပေါ.
မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..
ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့

Subscribe to:
Posts (Atom)