Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Tuesday, January 13, 2009

ရှိခိုးတတ်ကြရဲ့လား

ရှိခိုးတတ်ကြရဲ့လား

ရှိခိုးခြင်းသည် ဗုဒ္ဒ္စ၀ါဒ ၌ ပထမဆုံးလိုက်နာ ရမည့် ပွဲဦးထွက် မင်္ဂလာ ယဉ်ကျေးမှုကြီးဖြစ်ပါသည်။
ရှိခိုးတတ်ကြရဲ့လားဟု ဆိုလျှင် အံ့အားသင့်စရာ ဖြစ်နိုင်၏။ သို့သော်လူအများသည် အနုပညာရှိခိုး၊ Justify Fullအလှခိုးမှုတွေကသာ များ ၍ ဌာန်ကရိုဏ်းကျကျ ရှိခိုးတတ်သူ ရှိခိုးနိုင်သူကား ရှားပေလိမ်မည်။

ရှိခိုးခြင်း ဟုသည် လက်နှစ်ဖက်ကို ကိုးရိုကားရား မရှိ၊ ညီညီညွတ်ညွတ် သွဲသွဲပျောင်းပျောင်းပြု၍ ဦးထိပ်အပြင်၌ တင်ထားခြင်းပင်ဖြစ်သည်။ ကြာဖူးကြာငုံများ ထင်ထားသကဲ့သို့ ရှိစေရမည်။
မတ်တပ်ရပ်၍ ရှိခိုးခြင်းကို ရဟန်းသံဃာများနှင့် အကျဉ်းအကျပ် လမ်း၌ တွေ့သောအခါမျိုးတွင်သာ ပြုလုပ်သင့်သည်။ ထိုအခါ၌လည်း ကိုယ်ကို အနည်းငယ်ကိုင်းညွတ်လျက် လက်အုပ်ကို ငယ်ထိပ်အထိ တင်ချီ၍ ရှိခိုး ရမည်။ ထိုင်၍ရှိခိုးသာ လျှင် ရှိခိုးရမည်။ စိတ်ထဲက ကျေးဇူးတော် ဂုတ်တော်ကို နှလုံးသွင်းနေရမည်။

တည်ခြင်း (ထိခြင်း) ငါးပါး

ထိုင်၍ ရှိခိုးသောအခါ ပုဆိန်ပေါက် ရှိခိုးခြင်း မဖြစ်စေရ။ ရိုသေစွာ ထိုင်၍ မြေကြီး၊ သို့မဟုတ် ကြမ်းပြင် ၍တည်ခြင်း (ထိခြင်း) ငါးပါးဖြင့် ထိစေရမည်။
ထိခြင်းငါးပါး မှာ မြေကြီး၊ ကြမ်းပြင်ပေါ်၌.....
(၁) ခြေ၊ (၂) လက်၊ (၃) နဖူး (၄) တတောင်၊ (၅) ဒူး ၊ ငါးမျိုးစလုံးထိစေရမည်။
ယင်းသို့ ထိခြင်းငါးပါးဖြင့် ရှိခိုးသည်ကို ပဉ္စပတိဌိတ ၀န္ဒနာ- ထိခြင်း ငါးပါးဖြင့် ရှိခိုးခြင်း ဟု ဆိုရသည်။

ရဟန်းသံဃာတော်များ အပါးမှ ထပြန်မည်ရှိသောအခါတွင်လည်း လက်အုပ်ချီလျက် ကိုယ်ကို ယိုယိုထား နောက်ဆုတ်ပြန် ၍ ငါးပေးခန့်လောက်မှ မိမိလိုရာသို့ လှည့်၍ သွားရမည်။ နေရာမှ ထလျှင်ချက်ခြင်း ကျေားပေးပြီး မပြန်ရပါ။

အမျိုးသမီးများက ရဟန်းတော်များကို ရှိခိုးသောအခါ ခြေဖမိုး ကိုထိကိုင်၍ ရှိ မခိုးကောင်း၊ ဆံပင်များကို လည်း ဖြန့်ခင်း၍ ရှိမခိုးကောင်းချေ။

ထိုသို့တင်ပြရခြင်းမှာ စာရေးသူ လွန်ခဲ့သော ၄လ ခန့်က ခါးနာခြင်းဝေဒနာကို ခံစားနေရချိန်... မိတ်ဆွေတစ်ဦး နှင့် ဆရာ တစ်ဦးထံ လိုက်ပါ စကားပြော ပြီးသည်နောက်...အပြန်တွင် ထိုဆရာအား ရှိခိုးကန်တော့ခြင်း ကို ပြုပါတယ်။ စာရေးသူအနေဖြင့် ထိခြင်းငါးပါး၊ ဖြင့်ငယ်စဉ်ကတည်းက ရှိခိုးရန် စားရေး သူ အဖိုးမှ အမြဲသွန်သင် ဆုံးမ တဲ့ အတွက်...သိရှိပါတယ်...သို့သော် ခါးနာဝေဒနာကြောင့် ထိခြင်းငါးပါး မပြည့်စုံခဲ့ပါဘူး။ အဲဒီမှာပဲ ဆရာ ဖြစ်သူက ဆုပေးရင်းဆုံးမ စကားပြောကြား၍ ထိခြင်းငါးပါး နှင့် မိရိုးဖလာ ဗုဒ္ဒ္စဘာသာအကြောင်း ဟောပြောဆုံးမခြင်းကို ခံခဲ့ရပါတယ်။ စာရေးသူ အနေနဲ့ အပြန်တွင်ဆရာပြောကြားခဲ့သော စကား တစ်ခုအား အခု အချိန်ထိ မမေ့နိုင်သေးပါ။ မိဘ များ ဗုဒ္ဒ္စဘာသာ ကို ကိုးကွယ်၍ ဆက်လက်ကိုးကိုယ်ရခြင်းလား၊ ဗုဒ္ဒဘာသာ ၏ အခြေခံ ကျင့်ဝတ်များကို သေချာစွာ သိသင့်သည်လေ့လာသင့်သည်။ကျင့်သုံးလိုက်နာသင့်သည် ဆိုသော စကားပင်ဖြစ်ပါသည်။ စာရေးသူ အသိတရားများ ထပ်မံရရှိခဲ့ပါတယ်။ စာရေးသူလိုဘဲ အားလုံး အခြေခံ ကျင့်ဝတ်လေးများကို သိရှိ စေရန်၊ အမှုမဲ့ အမှတ်မဲ့ အဖြစ်စေရန် ရည်ရွယ်ပါသည်။

(မှတ်ချက် ဧရာဝတီစာကြည်.တိုက်မှ ကူးယူထားချင်ဖြစ်ပါသည်။)